၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများ ကျောင်းဝင် မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၁၀ ရက်မှစ၍ လက်ခံ ဆောင်ရွက်ပေးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

ကြေညာချက်

၁။      ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများအတွက် တက္ကသိုလ်နေ့သင်တန်း ပထမနှစ်(ပထမနှစ်ဝက်) ဝင်ခွင့်ရသူများ စာရင်းကို (၃-၁၁-၂၀၂၂)ရက်တွင် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန website http://www.moe.gov.mm နှင့် အဆင့်မြင့်ပညာ ဦးစီးဌာန website http://www.dhe.gov.mm တို့တွင် ကြေညာ ထားမည်ဖြစ်ပါသည်။

၂။      ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းများကို(၂၁-၁၁-၂၀၂၂)ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် (၁၀-၁၁-၂၀၂၂)ရက်မှ (၉-၁၂-၂၀၂၂) ရက်အထိ (စနေနှင့် တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

အဆင့်မြင့်ပညာ ဦးစီးဌာန