တနင်္သာရီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၆ ဂိုး - ၅ ဂိုးဖြင့် အနိုင်ရရှိ

တနင်္သာရီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၆ ဂိုး - ၅ ဂိုးဖြင့် အနိုင်ရရှိ

နေပြည်တော်  နိုဝင်ဘာ  ၂

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ  တတိယလုပွဲ ပွဲစဉ်ကို ယနေ့ညနေပိုင်းတွင်  နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၆ ဂိုး- ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး   တတိယရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင်    တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့    အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်    ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ

ဘောလုံးအဖွဲ့ချုပ်မှ    တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းအမျိုးသား ဘောလုံးပြိုင်ပွဲအား မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း  ဖွံ့ဖြိုးတိုးတက် လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ   ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ နိုဝင်ဘာ  ၃ ရက်(ယနေ့)ညနေ ၃ နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မကွေးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့  ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။