လီဗာပူးအသင်းမှ နည်းပြကလော့ထွက်ခွာရန် အစီအစဉ်မရှိကြောင်း အေးဂျင့်ဖြစ်သူ ကိုဆစ်ကီပြောကြား

လီဗာပူးအသင်းမှ နည်းပြကလော့ထွက်ခွာရန် အစီအစဉ်မရှိကြောင်း အေးဂျင့်ဖြစ်သူ ကိုဆစ်ကီပြောကြား

လီဗာပူးအသင်းနည်းပြကလော့၏ အေးဂျင့်ဖြစ်သူ ကိုဆစ်ကီက နည်းပြကလော့အနေဖြင့် လက်ရှိအခြေအနေတွင်  ရုန်းကန်နေရသော်လည်း   အသင်းမှထွက်ခွာရန်   အစီအစဉ်မရှိကြောင်း  အတည်ပြုပြောကြားသည်။

အသက်  ၅၅  နှစ်အရွယ်  နည်းပြကလော့သည် လီဗာပူးအသင်းကို ၂၀၁၅ ခုနှစ်က  စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး  အသင်းကို  စတင်တာဝန်ယူ ကိုင်တွယ်ပြီးနောက် ကစားသမားများကို အကောင်း ဆုံးစုဖွဲ့ကာ   ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက နှစ်ပေါင်းများစွာကွာဝေးနေသည့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နည်းပြကလော့သည် လီဗာပူးအသင်းကို တာဝန်ယူ ကိုင်တွယ်ပြီးနောက်     ပရီးမီးယားလိဂ် ဆုဖလားအပြင်   ၂၀၁၈-၂၀၁၉  ဘောလုံးရာသီက  ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူး ပေးနိုင်ခဲ့သည့်အပြင်   အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနှင့် ကွန်မြူနတီဒိုင်း ချန်ပီယံဆုတို့ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။

သို့သော် နည်းပြကလော့သည် အသင်းနှင့်အတူ လက်ရှိဘောလုံးရာသီတွင်  ရုန်းကန်နေရပြီး ရာသီအစမှတ်တမ်းဆိုးနှင့် တွေ့ကြုံနေရကာ    ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်  ၁၂ ပွဲကစားပြီးချိန်တွင် လေးပွဲသာ အနိုင်ရရှိ၍   လေးပွဲသရေ၊  လေးပွဲရှုံး၊  ရမှတ် ၁၂ မှတ်ဖြင့်  အဆင့်(၉)နေရာ၌သာ ရပ်တည်နေခြင်းဖြစ်

သည်။

အေးဂျင့်ကိုဆစ်ကီက ကလော့အနေနဲ့  လီဗာပူး အသင်းကနေထွက်ခွာဖို့   အစီအစဉ်မရှိပါဘူး။  သူ့အနေနဲ့  အသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကိုလည်း  အပြည့်အဝရရှိထားပါတယ်။ သူလက်ရှိအခြေအနေတွေကို     အမြန်ဆုံးပြောင်းလဲ ပစ်နိုင်ပါလိမ့်မယ်။ မကြာခင်အသင်းကို   အကောင်းဆုံးရလဒ်တွေ ရရှိအောင် စွမ်းဆောင်ပြပါလိမ့်မယ်ဟု  ပြောကြားခဲ့ကြောင်း  သိရသည်။

Ref;Fabrizio Romano