ပူတာအိုမြို့နယ်၌ မိုးစပါး ဆင်းဧကရီ - ၃ မျိုးစေ့ထုတ်စိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ

ပူတာအိုမြို့နယ်၌ မိုးစပါး ဆင်းဧကရီ - ၃ မျိုးစေ့ထုတ်စိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ

ကချင်ပြည်နယ် ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်   ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက်  မိုးစပါး  ဆင်းဧကရီ-၃ မျိုးစေ့ထုတ်  ၁၀ ဧကစိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို   နိုဝင်ဘာ ၁ ရက်က ပူတာအိုမြို့နယ် ကောင်ကထောင်နှင့် လုံးစွတ်ရပ်ကွက်ကြား  မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမကြီးဘေးရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင်လယ်မြေ၌  ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက မိရိုးဖလာစိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ပြီး ဒေသဝမ်းစာဖူလုံရေးအတွက် ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်ထွေးက   အထွက်နှုန်းကောင်းဆင်းဧကရီ-၃   မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းကို  တောင်သူများနှင့်  အကျိုးတူ ပူးပေါင်း၍ မျိုးသန့်မျိုးစပါးထုတ်လုပ်ခြင်းများကိုလည်း မြို့နယ်အလိုက် ဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးစိုးသိန်းက ရိတ်သိမ်းခြွေလှေ့စက်အကြောင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက ရိတ်သိမ်း ခြွေလှေ့စက်ဖြင့်  လက်တွေ့ရိတ်သိမ်း ခြွေလှေ့ကွင်းသရုပ်ပြနေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါရိတ်သိမ်းခြွေလှေ့စက်အသုံးပြုခြင်းဖြင့် တစ်ဧကကုန်ကျစရိတ်သက်သာ ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် ကျွဲ၊ နွား အန္တရာယ် အတွက် စိုးရိမ်ပူပန်စရာမလိုခြင်း၊ လုပ်သားရှားပါးမှုကို   ဖြေရှင်းပေးနိုင်ခြင်း၊ ရိတ်သိမ်းရာတွင် အလေအလွင့်နည်းပါးစွာ  ရိတ်သိမ်းနိုင်ခြင်း  စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း   သိရသည်။                   

 ဖုန်ကန်(ပူတာအို)