ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲစိုက်ခင်းအတွင်း ကျောက်မှုန့်မြေသြဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျွန်းလှ၊ စိုက်ပျိုးရေး

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲစိုက်ခင်းအတွင်း ကျောက်မှုန့်မြေသြဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် မကျီးအင်းကျေးရွာ ကွင်းအမှတ် ၂၉၂၊ တောင်သူဦးသန်းထွန်းဦး၏ ဆောင်းမြေပဲ ၂ ဧကတွင် နိုဝင်ဘာ ၂ ရက်နံနက် ၇ နာရီက ကျောက်မှုန့်မြေသြဇာ (Gypsum) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဒေါ်တူးတူးမာက ကျောက်မှုန့်မြေသြဇာ အသုံးပြုနည်းနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ဆောင်းမြေပဲစိုက် တောင်သူများအား ကျောက်မှုန့်မြေသြဇာ ထောက်ပံ့ပေးပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းမြေပဲ ၆၅၅၁ ဧကစိုက်ပျိုးရန်လျာထားကြောင်း၊ အောက်တိုဘာလကုန်အထိ ဧက ၂၈၀၀ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)