နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် သင်တန်းများ အားလုံး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ  ၁၈ ရက်အထိ လက်ခံဆောင်ရွက်ပေးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

ကြေညာချက်

၁။      သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့်  ကွန်ပျူတာတက္ကသိုလ် များတွင်  ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများ အားလုံးကို ၂၀၂၂ ခုနှစ်၊  နိုဝင်ဘာလ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂) ရက်မှ(၁၈-၁၁-၂၀၂၂) ရက်အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

၂။      ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အတွက်  ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာ အပ်ပါသည်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန