မုဒုံမြို့နယ်၌ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

မုဒုံ၊ အားကစား

မုဒုံမြို့နယ်၌ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့  အထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက်တွင် မုဒုံမြို့နယ် အားကစား ပြိုင်ဝင်းအတွင်းရှိ  ဖူဆယ်ကွင်း၌ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို တစ်မျိုးသားလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊ မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးနှင့် ဖူဆယ်အားကစားနည်းကို စိတ်ပါဝင်စား လာစေရန်အတွက်  နိုဝင်ဘာ  ၁  ရက်မှစတင်ကာ  အသင်းလေးသင်းတို့က ပတ်လည်ယှဉ်ပြိုင်ခဲ့ကြသည်။

ဗိုလ်လုပွဲစဉ်တွင်  ပန်းရောင်အသင်းက အပြာရောင်အသင်းကို ၆ ဂိုး-၄ ဂိုးဖြင့် အနိုင်ရရှိသည်။

ဆက်လက်၍  ဆုပေးပွဲအခမ်းအနားကျင်းပရာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က   တံခွန်စိုက်ဒိုင်းဆု၊ တစ်ဦးချင်းဆုတံဆိပ်ဆု၊ ငွေသားဆုများကို အသင်းများအား  အသီးသီးပေးအပ်ကြောင်း သိရသည်။   

သားငယ်(ပြန်/ဆက်)