ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် တိုက်စစ်ကစားသမား ဇာဟာကို ဘာစီလိုနာ အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ အပြိုင်ကမ်းလှမ်းရန် စီစဉ်

ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် တိုက်စစ်ကစားသမား ဇာဟာကို ဘာစီလိုနာ အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ အပြိုင်ကမ်းလှမ်းရန် စီစဉ်

ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သည့် ဘာစီလိုနာအသင်းနှင့်  ဂျူဗင်တပ်စ်အသင်းတို့က  ယခု ဘောလုံးရာသီ အကုန်တွင် ခရစ္စတယ်ပဲလေ့စ် အသင်းနှင့်  စာချုပ်သက်တမ်း ကုန်ဆုံးမည့်  တိုက်စစ်ကစားသမား ဇာဟာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ ရန်အတွက် အပြိုင်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် ဇာဟာသည် ခရစ္စတယ်ပဲလေ့စ်အသင်း အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး  ခရစ္စတယ်ပဲလေ့စ်အသင်းက  အဓိက ကစားသမား တစ်ဦးကို လက်မလွှတ်လိုသည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့သော်လည်း  ဇာဟာကိုယ်တိုင်က  အသင်းမှ  ထွက်ခွာလိုနေသည့်အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ထားခြင်းဖြစ်သည်။

ဇာဟာကို     ပြီးခဲ့သည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလကတည်းက   အာဆင်နယ် အသင်းက တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းက ငြင်းပယ်ခဲ့သည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ဘဲ ယခုအခါ အလွတ်ပြောင်းရွှေ့ကြေးဖြင့်   ခေါ်ယူနိုင်မည့် အခြေအနေကြောင့် အာဆင်နယ်အသင်းကလည်း ခေါ်ယူရန်    ပြင်ဆင်နေချိန်တွင်   ကစားသမား အများစုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်    ခေါ်ယူလေ့ရှိသည့် ဘာစီလိုနာအသင်းနှင့်  ဂျူဗင်တပ်စ် အသင်းတို့ကပါ အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။