အာဆင်နယ်အသင်း သမိုင်းတစ်လျှောက် ပွဲပေါင်း ၁၅၀ ပြည့်မြောက်ချိန်တွင် စွမ်းဆောင်ရည် အကောင်းဆုံး နည်းပြအဖြစ် အာတီတာ ထိပ်ဆုံးမှ ရပ်တည်

အာဆင်နယ်အသင်း သမိုင်းတစ်လျှောက် ပွဲပေါင်း ၁၅၀ ပြည့်မြောက်ချိန်တွင် စွမ်းဆောင်ရည် အကောင်းဆုံး နည်းပြအဖြစ် အာတီတာ ထိပ်ဆုံးမှ ရပ်တည်

    အာဆင်နယ်အသင်းနည်းပြ    အာတီတာသည် ချယ်လ်ဆီးအသင်းကို    အနိုင်ရရှိသော ပွဲစဉ်တွင် အာဆင်နယ်အသင်းနှင့် ပွဲပေါင်း ၁၅၀ ပြည့်မြောက်ခဲ့ပြီး အသင်းသမိုင်း တစ်လျှောက် ပွဲပေါင်း ၁၅၀ ပြည့် မြောက်ချိန်တွင် စွမ်းဆောင်ရည် အကောင်းဆုံးနည်းပြ အဖြစ် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း သိရသည်။

    နည်းပြအာတီတာသည် အာဆင်နယ်အသင်းနှင့် အတူ ပွဲပေါင်း ၁၅၀ ပြည့်မြောက်ချိန်တွင် နိုင်ပွဲ ၈၇ ပွဲ အထိရှိလာပြီး  အသင်းသမိုင်း တစ်လျှောက်  ဂန္ထဝင် နည်းပြအဖြစ် သတ်မှတ်ခံထားရသည့် အာစင်ဝင်းဂါး ကိုကျော်ဖြတ်ကာ စွမ်းဆောင်ရည် အကောင်းဆုံးနည်းပြ အဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

    ဆင်နယ်အသင်း သမိုင်းတစ်လျှောက် ပွဲပေါင်း ၁၅၀ ပြည့်မြောက်ချိန် စွမ်းဆောင်ရည် အကောင်းဆုံး နည်းပြစာရင်းတွင်    နည်းပြအာတီတာ၏ နောက်၌ အာစင်ဝင်းဂါးနှင့်  ဂျော်ဂျီဂရေဟမ်တို့က   ၈၂  ပွဲဖြင့် ဒုတိယ၊ ဟယ်ရီဘက်ရှောက ၇၈ ပွဲဖြင့် တတိယ၊ တွမ် ဝှစ်တာကာက ၇၅ ပွဲဖြင့် စတုတ္ထနှင့် တယ်ရီနေးလ်က ၇၂ ပွဲဖြင့် ပဉ္စမနေရာ၌ အသီးသီး ရပ်တည်ခဲ့ကြသည်။

    နည်းပြအာတီတာသည်  ယခုဘောလုံးရာသီတွင် အာဆင်နယ်အသင်းကို ရလဒ်ကောင်းများ ဆက်တိုက် ရရှိအောင် စွမ်းဆောင်ထားပြီး   ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၃ ပွဲကစားပြီးချိန်တွင် တစ်ပွဲသာရှုံးနိမ့်ကာ တစ်ပွဲသရေရလဒ်ထွက်ပေါ်၍ ကျန်ပွဲစဉ်အားလုံး အနိုင်ရရှိခဲ့သဖြင့်    အမှတ်ပေးဇယားထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။