၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘရာဇီးအသင်း၏ အပြီးသတ် ကစားသမား  ၂၆ ဦးစာရင်း ထုတ်ပြန်ကြေညာ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘရာဇီးအသင်း၏ အပြီးသတ် ကစားသမား  ၂၆ ဦးစာရင်း ထုတ်ပြန်ကြေညာ

  ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘရာဇီးအသင်း ၏ အပြီးသတ်ကစားသမား  ၂၆  ဦးစာရင်းကို ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

    ဘရာဇီးအသင်းနည်းပြ တီထီက  ကာတာနိုင်ငံ၌ ကျင်းပမည့်   ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မိမိ၏ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကစားသမား အများစုအပါအဝင်   ဝါရင့်နှင့်လူငယ်ကစားသမားများဖြင့် စုဖွဲ့ထားရာ  ဂိုးသမားနေရာ၌  မန်စီးတီးအသင်းမှ   အီဒါဆန်၊  လီဗာပူးအသင်းမှ အလီဆန်နှင့် ပါးမီးယက်စ်အသင်းမှ ဝီဗာတန်တို့ပါဝင်ခဲ့ကြသည်။

    အလားတူ ခံစစ်ကစားသမား နေရာ၌ ဂျူဗင်တပ်စ်အသင်းမှ ဒန်နီလို၊ ဆန်ဒရို၊ ဘရီမာ၊ ပူးမက်စ်အသင်း မှ  ဒန်နီအဲလ်ဗက်၊  ဆီဗီလာအသင်းမှ  တဲလက်စ်၊ ချယ်လ်ဆီးအသင်းမှ  သီယာဂိုဆေးလ်ဗား၊  ရီးယဲလ်မက်ဒရစ်အသင်းမှ မီလီတာအိုနှင့် ပီအက်စ်ဂျီအသင်းမှ မာကွင်ဟို၊ ကွင်းလယ် ကစားသမားနေရာ၌ မန်ယူအသင်းမှ  ကက်စ်မဲရိုးနှင့်ဖရက်ဒ်၊  လီဗာပူးအသင်းမှ ဖာဘင်ဟို၊ နယူးကာဆယ်အသင်းမှ ဂူမာရေးစ်၊  ဝက်စ်ဟမ်းအသင်းမှ ပါကွေတာနှင့်ဖလာမင်ဂိုအသင်း မှ     ဘယ်ရီယို၊     တိုက်စစ်ကစားသမား နေရာ၌ ပီအက်စ်ဂျီအသင်းမှ   နေမာ၊   ရီးယဲလ်မက်ဒရစ် အသင်းမှ ဗင်နီစီးယက်စ်နှင့် ရိုဒရီဂို၊ အာဆင်နယ် အသင်းမှ ဂျီးဆပ်နှင့် မာတင်နယ်လီ၊ မန်ယူအသင်းမှ  အန်တိုနီ၊ စပါးအသင်းမှ ရစ်ချာလီဆန်၊ ဘာစီလိုနာအသင်းမှ ရာဖင်ဟာနှင့် ဖလာမင်ဂိုအသင်းမှ ပက်ဒရိုတို့ ပါဝင်ခဲ့ကြသည်။

    ဘရာဇီးအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းများတွင် အပြီးသတ် ကစားသမားစာရင်းကို အစောဆုံးထုတ်ပြန် ကြေညာခဲ့သည့် အသင်းဖြစ်ပြီး  အုပ်စု(ွ)၌ ကင်မရွန်းအသင်း၊ ဆားဘီးယားအသင်း၊ ဆွစ်ဇာလန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။