မိုင်းရယ်မြို့၌ (၁၀၂)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းရယ်မြို့၌ (၁၀၂)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းရယ်  နိုဝင်ဘာ 

    (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ် စိတ်ကြိုက် ပန်းချီပြိုင်ပွဲ ကို ယနေ့နေ့လယ် ၁ နာရီတွင် မိုင်းရယ် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန  လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

    အဆိုပါ(၁၀၂)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်  စိတ်ကြိုက် ပန်းချီပြိုင်ပွဲကို မိုင်းရယ်မြို့ပေါ်ကျောင်းများ ဖြစ်သည့် အထက၊ အလက၊ မူလွန်-၁၊ မူလွန်တပ်တွင်း ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

    ယင်းနောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌   ပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ  ဆောင်ရွက်ထားရှိမှု    မှတ်တမ်းဓာတ်ပုံများကို လေ့လာကြည့်ရှုခဲ့ကြောင်း     သိရသည်။