တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းသို့ ယခုဘဏ္ဍာနှစ် ခုနစ်လတာ ကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တစ်သိန်းနီးပါး တင်ပို့ပြီးဖြစ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းသို့ ယခုဘဏ္ဍာနှစ် ခုနစ်လတာ ကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တစ်သိန်းနီးပါး တင်ပို့ပြီးဖြစ်

     တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း FOB   စစ်ဆေးရေးဂိတ်မှ  ထိုင်းနိုင်ငံ ရနောင်းသို့   ယခုဘဏ္ဍာနှစ်  ခုနစ်လတာ ကာလအတွင်း   ရေထွက်ကုန်မက်ထရစ် တန်ချိန်      တစ်သိန်းနီးပါး တင်ပို့ပြီးဖြစ်ကြောင်း   ကော့သောင်းငါးလုပ်ငန်းဦးစီး ဌာန ဦးစီးမှူး ဦးတင်ထွဋ်၏ ပြောကြားချက် အရ သိရသည်။

    ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ အောက် တိုဘာ ၃၁ ရက်အထိ ခုနစ်လတာ ကာလ အတွင်း ငါးသယ်လှေ ၂၈၂၈ စင်းဖြင့် ငါး၊ ပုစွန်နှင့်   တခြားရေထွက်ကုန် မက်ထရစ် တန်ချိန် ၉၉၁၈၅  ဒသမ ၇၇၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၀၉၈၉၅၈၃ ဒသမ ၁၉၁ ဒေါ်လာနှင့် ဘတ် ၁၆၃၆၂၁၇၀၃၀ ဒသမ ၆၅ ဘတ် ရရှိခဲ့သည်။

    ယခုဘဏ္ဍာနှစ်   ခုနစ်လတာ ကာလအတွင်း ကော့သောင်း FOB စစ်ဆေးရေးဂိတ်မှ   ပြည်ပတင်ပို့မှု အနေဖြင့်   ငါး မက်ထရစ်တန်ချိန် ၉၁၉၇၈ ဒသမ ၄၄၉ တန်တင်ပို့ပြီး    အမေရိကန်ဒေါ်လာ  ၄၇၁၆၂၂၀၇ ဒသမ ၁၄၅ ဒေါ်လာနှင့် ဘတ် ၁၃၄၄၂၆၉၅၈၆ ဒသမ ၅၅၈ ဘတ် ရရှိထားကြောင်း၊ ပုစွန်မက်ထရစ် တန်ချိန် ၆၈၀ ဒသမ ၆၇၈ တန် တင်ပို့ပြီး  အမေရိကန်ဒေါ်လာ ၁၉၆၀၇၀၂ ဒသမ ၀၆၆ ဒေါ်လာနှင့် ဘတ် ၃၃၂၂၉၃၁၁ ဒသမ ၀၁၉ ဘတ်ရရှိထားကြောင်း၊ တခြားရေထွက်ကုန် မက်ထရစ်တန်ချိန်   ၆၅၂၆ ဒသမ ၆၄၈ တန်တင်ပို့ပြီး     အမေရိကန်ဒေါ်လာ ၁၁၈၆၆၆၇၃ ဒသမ ၉၈ ဒေါ်လာနှင့် ဘတ် ၂၅၈၇၁၈၁၃၃ ဒသမ ၀၆၉ ဘတ်ရရှိသည့် အတွက် ရေထွက်ကုန်စုစုပေါင်း မက်ထရစ် တန်ချိန် ၉၉၁၈၅ ဒသမ ၇၇၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၀၉၈၉၅၈၃ ဒသမ ၁၉၁ ဒေါ်လာနှင့် ဘတ် ၁၆၃၆၂၁၇၀၃၀ ဒသမ ၆၅ ဘတ်ရရှိခဲ့ကြောင်း     သိရသည်။

     ငါးဖမ်းရာသီတွင် ငါးရရှိမှုပေါ်မူတည်ပြီး ကော့သောင်းမှရနောင်းသို့ တစ်ရက်လျှင် ငါးသယ်လှေ ၂၆ စင်းဖြင့် ငါး၊ ပုစွန်နှင့် တခြားရေထွက်ကုန်များ တင်ပို့ရာ အဆိုပါ ကာလအတွင်း ငါးသယ်လှေ ၂၈၂၈ စင်းဖြင့် ငါး၊ ပုစွန်နှင့် တခြားရေထွက်ကုန်များ ဖြစ်သော  ကျောက်ပုစွန်၊ ကင်းပုစွန်၊ ကဏန်း၊ ခရု၊ ယောက်သွား၊ ခုံး၊ ကင်းမွန်၊ ရေဘဝဲ၊ ငါးခြောက်၊   ပုစွန်ခြောက်၊   ငါးဆားနယ် စသည့် ရေထွက်ကုန်များကို တင်ပို့ခဲ့ကြောင်း သိရသည်။