ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲချိန်အများဆုံးကစားထားသည့် ကစားသမားအဖြစ် မန်ယူအသင်းဂိုးသမား ဒီဂီယာ စံချိန်သစ်တင်နိုင်

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲချိန်အများဆုံးကစားထားသည့် ကစားသမားအဖြစ် မန်ယူအသင်းဂိုးသမား ဒီဂီယာ စံချိန်သစ်တင်နိုင်

မန်ယူအသင်းဂိုးသမား ဒီဂီယာသည် အက်စ်တွန် ဗီလာအသင်းနှင့် ကစားသည့်ပွဲစဉ်အပြီးတွင်   ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲချိန်အများဆုံး ကစားထားသည့် ကစားသမားအဖြစ် စံချိန်သစ်တင် နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် ဒီဂီယာသည် အက်စ်တွန် ဗီလာအသင်းနှင့်ကစားသည့်ပွဲစဉ်အပြီးတွင်    ပရီး မီးယားလိဂ် ပြိုင်ပွဲ၌ ပွဲချိန် စုစုပေါင်း ၃၅၀၃၉  မိနစ် အထိ   ပါဝင်ကစားခဲ့ပြီး   မန်ယူအသင်းဂိုးသမား ဘင်ဖော်စတာ၏စံချိန်ကို   ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒီဂီယာမတိုင်မီက  ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း တစ်လျှောက် ပွဲချိန်အများဆုံးကစားထားသည့်ကစား သမားအဖြစ် ဂိုးသမားဘင်ဖော်စတာက မန်ယူအသင်း၊  ဘာမင်ဂမ်အသင်း၊ ဝက်စ်ဖို့ဒ်အသင်းနှင့် ဝက်စ်ဘရွန်း အသင်းတို့တွင်ကစားခဲ့ပြီး ပွဲချိန် ၃၄၉၅၉ မိနစ်ဖြင့် စံချိန်တင်ထားခြင်းကို  ဒီဂီယာက  ကျော်ဖြတ်နိုင်ခဲ့ ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန် အများဆုံးကစားထားသည့် ကစားသမားစာရင်းတွင် ဒီဂီယာနှင့် ဘင်ဖော်စတာတို့နောက်တွင် ချယ်လ်ဆီး အသင်းဂိုးသမားဟောင်း ပီတာဆက်ချ်၊ အဲဗာတန် အသင်းကစားသမားဟောင်း   လေတန်ဘိန်းနှင့် အက်စ်တွန်ဗီလာအသင်းနှင့်မန်စီးတီးအသင်းကစား သမားဟောင်း   ဂျရက်ဘယ်ရီ၊   လက်ရှိလီဗာပူး အသင်းကစားသမား  ဂျိမ်းစ်မီနာတို့က  ရပ်တည် လျက်ရှိသည်။

လက်ရှိကစားနေသောကစားသမားများတွင် ဒီဂီယာ၏စံချိန်နှင့်နီးစပ်နေသည့်  ကစားသမားအဖြစ် ဂျိမ်းစ်မီနာက လက်ရှိအချိန်တွင် ပွဲချိန် ၃၂၀၇၉ မိနစ်ဖြင့် ရပ်တည်နေသော်လည်း ဂျိမ်းစ်မီနာအနေဖြင့် အသက်အရွယ်အပိုင်းအခြားအရ လီဗာပူးအသင်း တွင် ကစားခွင့်နည်းပါးနေသည့်အတွက် ဒီဂီယာ၏ စံချိန်ကိုလိုက်မီရန်ခက်ခဲနေပြီး ဒီဂီယာက ပွဲစဉ်တိုင်း ပါဝင်ခွင့်ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Ref;Manchester Evening News