ဘိုင်ယန်မြူးနစ်အသင်းက အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့် တိုက်စစ်ကစားသမား ချူပိုမိုတင်းကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေ

ဘိုင်ယန်မြူးနစ်အသင်းက အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့် တိုက်စစ်ကစားသမား ချူပိုမိုတင်းကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေ

ဘိုင်ယန်မြူးနစ်အသင်းက  အကောင်းဆုံးခြေစွမ်း ပြလျက်ရှိသည့်  တိုက်စစ်ကစားသမား  ချူပိုမိုတင်းကို    သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ရန်  ကြိုးပမ်းနေကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ် ချူပိုမိုတင်းသည် ၂၀၂၀ ပြည့်နှစ်က ပီအက်စ်ဂျီအသင်းမှ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပြီး  အသင်းနှင့်အတူ ပြီးခဲ့သည့်ဘောလုံးရာသီက လီဝန်ဒေါစကီးနောက်မှသာ ဒုတိယဦးစားပေးကစား သမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သူ ဖြစ်သည်။

သို့သော် ယခုဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းမှ   လီဝန်ဒေါစကီးထွက်ခွာပြီးနောက်   ချူပိုမိုတင်းသည်    အဓိကကစားသမားအဖြစ်   အသင်းတိုက်စစ်ပိုင်းကို  ဦးဆောင်ခွင့်ရရှိခဲ့သည့်အချိန်တွင် အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီး ဂျာမန်ဘွန်ဒက်စ် လီဂါရှစ်ပွဲကစားရာ   ငါးဂိုးသွင်းယူနိုင်သည့်အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း သုံးဂိုးသွင်းယူနိုင်သည်အထိ ခြေစွမ်းပြလျက်ရှိသည်။

တိုက်စစ်ကစားသမား  ချူပိုမိုတင်းသည်   ယခု ဘောလုံးရာသီအကုန်တွင်  ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ပရီးမီးယားလိဂ် အသင်းကြီးတချို့က   ခေါ်ယူရန်   စီစဉ်နေသကဲ့သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည့် အခြေအနေများကြောင့် ဘိုင်ယန်မြူးနစ်အသင်း ဒါရိုက်တာ  ဆီဟာက သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။      

Ref:Bild