ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာ

စလင်း၊ ဒေသဖွံ့ဖြိုးရေး

ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပျိုးခင်းကုန်းကျေးရွာ၌ ကုန်ထုတ် လမ်းဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာ ၈ ရက် နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်နှင့် အင်ဂျင်နီယာ များသည် ပျိုးခင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကျေးရွာအတွက် လိုအပ်နေသော ကုန်ထုတ်လမ်း၏ လက်ရှိ လမ်းအရှည်၊ လမ်းအကျယ်နှင့် မြေပြင်အခြေအနေအရ တံတားနှင့် ရေပြွန်များ ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ လမ်းအူကြောင်းအခြေအနေနှင့် မြေနေရာရရှိနိုင်မှုအခြေအနေများကို စနစ်တကျ တိုင်းတာပြီး   ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ကြသည်။

အဆိုပါ ကုန်ထုတ်လမ်းသည် ပျိုးခင်းကုန်းကျေးရွာ၊ စဉ့်တူကန်ကျေးရွာ၊ ကုန်းတဲကျေးရွာနှင့် နတ်စဉ်ကုန်းကျေးရွာတို့ရှိ ဒေသခံ တောင်သူများ၏ အဓိကအားထားရာ လမ်းဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။                         

အထွေး