မြန်မာ-ရုရှား လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်  နိုဝင်ဘာ  ၉

မြန်မာ-ရုရှား လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

မြန်မာ-ရုရှား လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲကို ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံရော့စ် ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး  မစ္စတာအလက်ဇန်းဒါး  ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ်နှင့်အဖွဲ့တို့ တက်ရောက် ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လယ်ယာကုန်ထုတ်လုပ်မှုတွင် ရုရှားနိုင်ငံ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်မှု အခြေအနေများ၊ နှစ်နိုင်ငံ၏ လယ်ယာသားငါးဆိုင်ရာ ကုန်သွယ်မှုအခွင့်အလမ်းများ၊ လယ်ယာသွင်းအားစု လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

(သတင်းစဉ်)