မြန်မာ-ရုရှားချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော် နိုဝင်ဘာ  ၉

မြန်မာ-ရုရှားချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

မြန်မာနိုင်ငံသို့ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါးဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်နှင့် တာဝန်ရှိသူများက ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ Jasmine ဟိုတယ် သံလွင်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပြီးတွင် ရုရှားကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ ထုတ်လုပ်သောဆန်စပါး၊ ကျောက်မျက်ရတနာ၊ ပယင်းနှင့် ပယင်းမှထုတ်လုပ်သော ဆေးဝါးများ၊ ကော်ဖီ၊ မာကာဒေးမီးယား၊ သကြား၊ သစ်သီးဝလံထုတ်ကုန်များ၊ ရော်ဘာနှင့် ရော်ဘာထွက် ပစ္စည်းများ၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ရာ အသင်းတာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)