(၆)ကြိမ်မြောက် အရှေ့အာရှသက်တမ်းအလိုက် လူငယ်တံခွန်စိုက်စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတစ်ခု၊ ကြေးလေးခုရရှိ

ရန်ကုန်  နိုဝင်ဘာ  ၁၂

(၆)ကြိမ်မြောက် အရှေ့အာရှသက်တမ်းအလိုက် လူငယ်တံခွန်စိုက်စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတစ်ခု၊ ကြေးလေးခုရရှိ

(၆)ကြိမ်မြောက် အရှေ့အာရှသက်တမ်းအလိုက် လူငယ်တံခွန်စိုက်စစ်တုရင်ချန်ပီယံ ရှစ်ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်မှ ၁၃ ရက်ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပရာ ပြိုင်ပွဲများပြီးဆုံးချိန်တွင် မြန်မာအားကစားသမားများက ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် လေးခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အသက် ၁၈ နှစ် Rapid အသင်းလိုက်ပြိုင်ပွဲ၌ စိုင်းဟန်သီဟ၊ ကျော်မြတ်အောင်၊ ပိုင်ဇေယျာတို့က ပထမ ရွှေတံဆိပ် ရရှိသည်။ ထို့အတူ အမျိုးသား အသက် ၁၆ နှစ်အောက် Standard တစ်ဦး ချင်းပြိုင်ပွဲတွင် ဇော်ရဲထွဋ်ကလည်းကောင်း၊ အသက် ၁၈ နှစ်အောက် Standard အသင်းလိုက်ပြိုင်ပွဲတွင်   စိုင်းဟန်သီဟ၊ ကျော်မြတ်အောင်၊ ပိုင်ဇေယျာတို့ကလည်း ကောင်း၊ အသက် ၁၈ နှစ် Rapid တစ်ဦး ချင်းပြိုင်ပွဲတွင် ကျော်မြတ်အောင်ကလည်း ကောင်း၊ အသက် ၁၈ နှစ် Blitz အသင်း လိုက်ပြိုင်ပွဲတွင် စိုင်းဟန်သီဟ၊ ကျော်မြတ်အောင်၊ ပိုင်ဇေယျာတို့ကလည်းကောင်း ကြေးတံဆိပ်များ အသီးသီးရရှိကြသည်။

အဆိုပါ (၆)ကြိမ်မြောက် အရှေ့အာရှ သက်တမ်းအလိုက် လူငယ်တံခွန်စိုက်စစ်တုရင် ပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံနှင့် ကိုရီး ယား၊ တိုင်ပေ၊ ဟောင်ကောင်၊ မွန်ဂိုလီးယား နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံမှ လူငယ်အားကစားသမားခြောက်ဦးသည် အသက် ၁၆ နှစ်အောက် Standard လူငယ်ပုံမှန်ပြိုင်ပွဲ၊ အသက် ၁၈ နှစ်အောက်  Standard လူငယ်ပုံမှန်ပြိုင်ပွဲ၊ အသက် ၁၈ နှစ်အောက် Rapid လူငယ်အမြန်ရွှေ့ပြိုင် ပွဲ၊ အသက် ၁၈ နှစ်အောက် Blitz လူငယ် လျှပ်တစ်ပြက်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။     

ဝန်းရံခ