ဘုန်းမောက်အသင်းကို ထပ်မံဂိုးပြတ် ရှုံးနိမ့်ပြီးနောက် အဲဗာတန်အသင်းက နည်းပြလမ်းပတ်ကို ရာထူးမှထုတ်ပယ်ရန် စီစဉ်

ဘုန်းမောက်အသင်းကို ထပ်မံဂိုးပြတ် ရှုံးနိမ့်ပြီးနောက် အဲဗာတန်အသင်းက နည်းပြလမ်းပတ်ကို ရာထူးမှထုတ်ပယ်ရန် စီစဉ်

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၅) အဖြစ် ဘုန်း မောက်အသင်းနှင့်  အဲဗာတန်အသင်းတို့ကစားသည့် ပွဲစဉ်တွင် အဲဗာတန် အသင်းအနေဖြင့် ၃ ဂိုး- ဂိုးမရှိဖြင့်  ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်  နည်းပြလမ်းပတ်ကို ရာထူးမှထုတ်ပယ်ရန်  စီစဉ်လျက်ရှိကြောင်း   သိရ သည်။

အဲဗာတန်အသင်းသည်  နိုဝင်ဘာ  ၉  ရက်က ကာရာဘောင်းဖလားပြိုင်ပွဲ  တတိယအဆင့်ပွဲစဉ် အဖြစ် ဘုန်းမောက်အသင်း အိမ်ကွင်း၌ သွားရောက် ကစားရာ ၄ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး  ယခုအခါတွင် လည်း ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) အဖြစ် အဝေးကွင်း၌ သွားရောက်ကစားရာ ၃ ဂိုး- ဂိုးမရှိဖြင့် ထပ်မံဂိုးပြတ်ရှုံးနိမ့်ပြီးနောက်   နည်းပြလမ်းပတ်အနေဖြင့် ရာထူးမှထုတ်ပယ်ခံရရန် ပိုမိုနီးစပ်လာခြင်းဖြစ်သည်။

အဲဗာတန်အသင်းပရိသတ်များက ဘုန်းမောက် အသင်းကို    ပထမတစ်ကြိမ်ရှုံးနိမ့်သည့်ပွဲစဉ်တွင် လည်း နည်းပြလမ်းပတ်အား လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ပြီး ပွဲစဉ်အပြီးတွင် နည်းပြအပြောင်းအလဲ ပြုလုပ်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့သကဲ့သို့ ယခု အခါတွင်လည်း ဒုတိယအကြိမ်  ထပ်မံဂိုးပြတ်ရှုံးနိမ့်သည့်အတွက်  အဲဗာတန်အသင်းတာဝန်ရှိသူများ ကပင် နည်းပြအပြောင်းအလဲပြုလုပ်ရန်ပြင်ဆင်လာ ခြင်းဖြစ်သည်။

နည်းပြလမ်းပတ်သည် ပြီးခဲ့သည့်ဇန်နဝါရီလက အဲဗာတန်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ပြီးခဲ့သည့်ဘောလုံးရာသီကလည်း ရလဒ်ပိုင်းမတည် ငြိမ်မှုများဖြင့် အဆင့် (၁၇) နေရာ၌သာ ရပ်တည် နိုင်ခဲ့ကာ  ယခုနှစ်ဘောလုံးရာသီတွင်လည်း  ပွဲစဉ် (၁၅) ပြီးဆုံးချိန်အထိ ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေ ပြီး  သုံးပွဲသာအနိုင်ရရှိကာ ငါးပွဲသရေနှင့်  ခုနစ်ပွဲ အထိရှုံးနိမ့်ပြီး ရမှတ် ၁၄ မှတ်သာရရှိခဲ့ကာ တန်း ဆင်းဇုန်မှ နော်တင်ဟမ်ဖော်ရက်အသင်းနှင့်တစ်မှတ် အကွာတွင် ရှိနေသည့်အတွက် လာမည့်ကမ္ဘာ့ဖလား ပြိုင်ပွဲမပြီးဆုံးမီ   လိဂ်ပွဲစဉ်များပြန်လည်မစတင်မီ နည်းပြအပြောင်းအလဲပြုလုပ်ရန်  ပြင်ဆင်လျက်ရှိကြောင်း သိရသည်။               

Ref;Dailymail