အိုကာမီကိုအနိုင်ရယူပြီး MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ပြန်လည်ရရှိအောင် ကြိုးပမ်းသွားမည်ဟု အောင်လအန်ဆန်ဆို

အိုကာမီကိုအနိုင်ရယူပြီး MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ပြန်လည်ရရှိအောင် ကြိုးပမ်းသွားမည်ဟု အောင်လအန်ဆန်ဆို

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံနှင့် MMA ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း     အောင်လအန်ဆန်က  ဂျပန်ဖိုက်တာ အိုကာမီနှင့်ပွဲစဉ်တွင် အနိုင်ရယူပြီး MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ပြန်လည် ရရှိအောင် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ONE Championship မှ ကြီးမှူးကျင်းပမည့် ONE 163 MMA ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့်     ဂျပန်ဖိုက်တာအိုကာမီတို့သည် မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ်ယှဉ်ပြိုင်မည်ဖြစ်ပြီး  အဆိုပါပွဲစဉ်တွင် အနိုင်ရရှိမည့်သူ အနေဖြင့်  MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲယှဉ်ပြိုင်ရန် အခွင့်အရေးများ ရရှိမည်ဖြစ်သည်။

ONE 163 MMA ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ဘန်တန်ဝိတ်တန်းကစ်ဘောက်ဆင် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ် ဂျပန်ဖိုက်တာအကီမိုတိုနှင့်  ထိုင်း ဖိုက်တာ ပီတက်ဖာဂူ၊     ဟဲဗီးဝိတ်တန်းကစ်ဘောက်ဆင်စိန်ခေါ်ပွဲအဖြစ် ယူကရိန်းဖိုက်တာ ရိုမန်နှင့် အီရန်ဖိုက်တာ အာဂျက်၊ တခြားပွဲစဉ်များအဖြစ်  ရှင်ယာအေအိုကီနှင့် အီဇာကာခီမက်၊  အိုကာမီနှင့်အောင်လအန်ဆန်၊ ကင်ဝွန်အီနှင့် မက်အဘီလာဒို၊ ဝါကာမာတီဆူနှင့် ဝူဆောင်ဟွန်း၊ အာမက်မူတာဘာနှင့် အမိုရင်၊ ရှီနာဂါဝါနှင့် ဗိုတယ်ဟို၊ ဘရူနိုချီဗက်နှင့် ခရန်ဂျစ်၊ ဂိုရိုဘက်နှင့် ဘရူနိုပွက်ဆီ၊   အမျိုးသမီးတွဲဆိုင်းအဖြစ် ဟီယာတာနှင့် ဟန်ဆီဟီ၊ မီလီနာကာအိုရီနှင့်   ဘီနာကာဘာစီလီအိုတို့   ယှဉ်ပြိုင်မည်ဖြစ်သည်။

အောင်လအန်ဆန်က   အိုကာမီက ကျွန်တော့်အတွက် အခက်တွေ့လာနိုင်ပါတယ်။  သူက    နပန်းအားကစားသမားတစ်ယောက် ပုံစံမျိုးကို  ပိုအသုံးပြုတတ်ပါတယ်။ အဲဒါက ကျွန်တော့်အတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့  ကျွန်တော့်ရဲ့ အားနည်းချက်တွေကို    အကောင်းဆုံး ပြင်ဆင်ထားလို့  သူ့ကို  ကောင်းကောင်း ယှဉ်ပြိုင်နိုင်မှာပါ။      သူ့ကိုအနိုင်ယူပြီး ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း   ချန်ပီယံခါးပတ် ပြန်လည်ရရှိနိုင်မယ့်    လမ်းကြောင်းပေါ်လျှောက်လှမ်းလာမှာပါ ဟုပြောသည်။

အောင်လအန်ဆန်သည် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်နှင့် MMA ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်များအား နယ်သာလန်ဖိုက်တာ  ဒီရစ်ဒါကိုနှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက်    လက်လွှတ်ခဲ့ရပြီး ချန်ပီယံခါးပတ်များ လက်လွှတ်ခဲ့ရပြီးနောက်     စိန်ခေါ်ပွဲနှစ်ပွဲယှဉ်ပြိုင်ခဲ့ရာ     ဘရာဇီးဖိုက်တာ အတိုင်ဒီကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပြိုင်ဘက်ဟောင်း ရုရှားဖိုက်တာ     ဗစ်တာလီဘစ်ဒက်ချ်နှင့်ပွဲစဉ်တွင် ရှုံးနိမ့်ထားကြောင်း သိရသည်။      

STA