Myanmar National League နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်  နိုဝင်ဘာ  ၁၅

Myanmar National League နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

၂၀၂၂ ခုနှစ် Myanmar National League နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ Myanmar National League နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့တွင် ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှစတင်၍ တိုက်ရိုက် (Live)ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။                                             

(သတင်းစဉ်)