နေ့သင်တန်းများအတွက် ကျောင်းအပ်လက်ခံ

နေ့သင်တန်းများအတွက် ကျောင်းအပ်လက်ခံ

၁။    ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်၊  ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် (၁၀-၁၁-၂၀၂၂)ရက်နေ့၌ ဖွင့်လှစ်ခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒုတိယနှစ်မှ မဟာဘွဲ့ သင်တန်းများအထိ နေ့သင်တန်းများအတွက် ကျောင်းအပ် လက်ခံခြင်းကို (၃၀-၁၁-၂၀၂၂)ရက်အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်)လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၂။     ကျောင်းအပ် လက်ခံခြင်းကို နောက်ဆုံးရက်ဖြစ်သော (၃၀-၁၁-၂၀၂၂)ရက်နေ့ကျော်လွန်၍  လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။      

အဆင့်မြင့်ပညာဦးစီးဌာန