ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း အေစီမီလန်အသင်း လိုင်ယွန်အသင်း လီဗာပူးအသင်းနှင့် အာဆင်နယ်အသင်းတို့ ဒူဘိုင်းစူပါဖလားအမည်ဖြင့် ယှဉ်ပြိုင်ကစားမည်

ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း အေစီမီလန်အသင်း လိုင်ယွန်အသင်း လီဗာပူးအသင်းနှင့် အာဆင်နယ်အသင်းတို့ ဒူဘိုင်းစူပါဖလားအမည်ဖြင့် ယှဉ်ပြိုင်ကစားမည်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း ယူအေအီးနိုင်ငံ   ဒူဘိုင်းမြို့၌   စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ကြမည့် ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သော အေစီမီလန်အသင်း၊ လိုင်ယွန်အသင်း၊ လီဗာပူးအသင်းနှင့်  အာဆင်နယ် အသင်းတို့သည် ဒူဘိုင်းစူပါဖလား အမည်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ယခုလအတွင်းကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အဆိုပါကလပ် အသင်းလေးသင်းသည် ၎င်းတို့အသင်းမှ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားခွင့် မရရှိသည့်ကစားသမားများဖြင့်  ဒူဘိုင်းမြို့သို့ သွားရောက်၍ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး လေ့ကျင့်ရေးခရီးစဉ်အတွင်း ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် ဒူဘိုင်းစူပါဖလား အမည်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဒူဘိုင်းစူပါဖလားပြိုင်ပွဲတွင် အနိုင်ရရှိသည့် အသင်း အနေဖြင့် ရမှတ်နှစ်မှတ်ရရှိမည်ဖြစ်ကာ  ရှုံးနိမ့်သည့် အသင်းအနေဖြင့် ရမှတ်တစ်မှတ် ရရှိမည်ဖြစ်သည်။ပွဲကစားချိန်အပြီး အနိုင်၊ အရှုံးရလဒ် မထွက်ပေါ်ပါက ပယ်နယ်တီ အဆုံးအဖြတ် ခံယူရမည်ဖြစ်ပြီး ပယ်နယ်တီ အဆုံးအဖြတ်တွင်  အနိုင်ရရှိမည့် အသင်းက  ရမှတ်တစ်မှတ်  ထပ်မံရရှိမည်ဖြစ်သည်။  အစောပိုင်းက အဆိုပါလေးသင်းအနေဖြင့် ရိုးရိုးခြေစမ်းပွဲအဖြစ်သာ ကစားရန် စီစဉ်ခဲ့ကြသော်လည်း ယခုအခါ ဒူဘိုင်း စူပါဖလားအမည်ဖြင့် ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။