တပ်မတော်(ကြည်း၊ရေ၊လေ) အား ကစားပြိုင်ပွဲများတတိယနေ့ ဆက်လက်ကျင်းပ

တပ်မတော်(ကြည်း၊ရေ၊လေ) အား ကစားပြိုင်ပွဲများတတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၇

    ၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို တတိယ နေ့ အဖြစ် ယနေ့နံနက်ပိုင်းတွင်  သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ် ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ကျင်းပပြုလုပ်သည်။

   တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ၅၄ ကီလို၊ ၆၇ကီလိုလူသစ်တန်း(အကြိုဗိုလ်လုပွဲ)များ၊ ၅၁ကီလို(က)အဆင့်၊ ၆၀ကီလို (က) အဆင့်၊ ၇၁ကီလို (က)အဆင့်၊ ၈၀ကီလို (က)အဆင့် (အကြိုဗိုလ်လုပွဲ)များ၊ ၅၁ကီလို အလွတ်တန်း(အကြိုဗိုလ်လုပွဲ)ပွဲစဉ် လက်ဝှေ့ပြိုင်ပွဲများကို လည်းကောင်း၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ပြေး၊ခုန်၊ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး ၂၀ ကီလို မီတာ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ၁၀ ကီလိုမီတာ လမ်းလျှောက် ပြိုင်ပွဲ၊ တန်းမြင့်ခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ ၁၀ မျိုးစုံ မီတာ ၁၀၀ ပြေးပြိုင်ပွဲ၊ အမျိုး သား/အမျိုးသမီး မီတာ ၄၀၀တန်းကျော် ပြေးပြိုင်ပွဲ ၊ ၁၀ မျိုးစုံ အလျားခုန်ပြိုင်ပွဲ၊ ၁၀ မျိုးစုံ သံလုံးပစ်ပြိုင်ပွဲ၊ အမျိူးသား/အမျိုးသမီးမီတာ ၈၀၀ ပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ ၂၀၀ ပြေးပြိုင်ပွဲ၊ ၁၀ မျိုးစုံ တန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုး သမီးမီတာ ၄၀၀ တန်းကျော် ပြေးပြိုင်ပွဲလူရွေးပွဲနှင့် ဗိုလ်လုပွဲစဉ်များကို လည်းကောင်း၊ ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(A)၌ အမျိုးသား/အမျိုးသမီး ကီလိုတန်း အလိုက် ရှုံးထွက်ပွဲစဉ်များကိုလည်းကောင်း၊ ဘောလီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(B)၌ အမျိုးသား/ အမျိုးသမီး အုပ်စုပတ်လည်ဘောလီဘော်ပြိုင်ပွဲများကို လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲမှ  ၂ ယောက်တွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ်များနှင့် ကရာတေးဒို ပြိုင်ပွဲ တွင် လူသစ်တန်း ၈၄ ကီလိုတန်းအထက် ကုမိတဲ့ ပြိုင်ပွဲ၊ အကြီးတန်း၅၅ ကီလိုအောက်၊ ၆၀ကီလိုအောက်၊ ၆၇ကီလိုအောက် ကုမိတဲ့ ပြိုင်ပွဲများတို့ကို လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။

    အလားတူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား (က)အဆင့် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု (က)ဘောလုံးအသင်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု(က) ဘောလုံးအသင်းတို့သည် ယနေ့ ညနေ ပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဆက်လက်ယှဉ် ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု(က) ဘောလုံးအသင်းက မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် ကိုယ်စားပြု (က) ဘောလုံးအသင်းကို ၄ ဂိုး ၁ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား(က)အဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု(က) ဘောလုံးအသင်းနှင့်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု(က) ဘောလုံးအသင်းနှင့် လည်းကောင်း၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖလား (ခ)အဆင့်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်ကိုယ်စားပြု(ခ) ဘောလုံးအသင်းနှင့်အရှေ့တောင်တိုင်းစစ်ဌာနချူပ် ကိုယ်စားပြု (ခ) ဘောလုံးအသင်းတို့ လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

   အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။