ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့များသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော မဟာဓာတ်အားလိုင်း ဖောက်ခွဲဖျက်ဆီးခံရမှု အခြေအနေအား သတင်းထုတ်ပြန်ခြင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့များသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော မဟာဓာတ်အားလိုင်း ဖောက်ခွဲဖျက်ဆီးခံရမှု အခြေအနေအား သတင်းထုတ်ပြန်ခြင်း

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့ (၁၃) မြို့သို့ လျှပ်စစ်ဓာတ်အား (၆၀)မဂ္ဂါဝပ်ခန့် ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိသော ၂၃၀ ကေဗွီ မင်းဘူး (မန်း)-အမ်း မဟာဓာတ်အားလိုင်း၏တာဝါတိုင်(၁)တိုင်ကို NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ    ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့ လျှပ်စစ်ဓာတ်အားစဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။                           

 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန