ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ရန်ကုန်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ အတည်ပြုရွေးချယ်

ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ရန်ကုန်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ အတည်ပြုရွေးချယ်

နေပြည်တော်   နိုဝင်ဘာ  ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ရန်ကုန် အစည်းအဝေး ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝိဇ္ဇာ၊ သိပ္ပံနှင့် A.G.T.I  ဒီပလိုမာ (ပထမနှစ်) သင်တန်း တက်ရောက်ကြမည့် သင်တန်းသား ၁၈၈ ဦး၊ သင်တန်းသူ ၁၆၄ ဦး  စုစုပေါင်း ၃၅၂ ဦးတို့ကို အတည်ပြု စိစစ်ရွေးချယ်သည်။

ထို့နောက်   ဒုတိယဝန်ကြီးသည် သင်တန်းသား၊ သင်တန်းသူရွေးချယ်ရေး ဆောင်ရွက်သည့် နေ့ရက်များတွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့်အတူ  နေ့လယ်စာ သုံးဆောင်သည်။

နိုဝင်ဘာ ၁၆ ရက်တွင် ဒုတိယဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝိဇ္ဇာ၊ သိပ္ပံနှင့် A.G.T.I ဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများကို သြဝါဒစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊  စားရိပ်သာများနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဒီဂရီကောလိပ် ရန်ကုန်၌ သင်တန်းသား၊ သင်တန်းသူများကို စိစစ်အတည်ပြုပြီးပါက ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊  သင်တန်းကာလများ ပြီးဆုံးပါက ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးပြီး  ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့်  အဆင့်တူ ရာထူး နေရာများတွင် နိုင်ငံ့ဝန်ထမ်းများ အဖြစ် ခန့်အပ်တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။