မွေးမြူရေးနှင့်ကုသရေးဆိုင်ရာသင်တန်းဖွင့်လှစ်

ရေဖြူ၊ သက်မွေးပညာ

မွေးမြူရေးနှင့်ကုသရေးဆိုင်ရာသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ  အခမ်းအနားကို နိုဝင်ဘာ  ၁၆ ရက် နံနက် ၁၀ နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးထက်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဌာနမှဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်  ယခုသင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ် သော်လည်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးသည်များ တတ်မြောက်သွားပါက ဆက်လက်ကြိုးစား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မွေးမြူရေးဈေးကွက်များ ချိတ်ဆက်ပြီး တွင်တွင်ကျယ်ကျယ် တိုးချဲ့မွေးမြူဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမှန်တကယ် ကြိုးစားလုပ်ကိုင်လိုစိတ်၊ တီထွင်ဆန်းသစ်မှု လုပ်ကိုင် လိုစိတ်မွေးမြူ၍ ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက်  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လင်းက သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက် ကြပြီး ကျွမ်းကျင်နည်းပြများက စာတွေ့သုံးရက်နှင့်  မင်းဒပ် Smart Village ကျေးရွာတွင် လက်တွေ့နှစ်ရက် စုစုပေါင်းသင်တန်း ကာလ ငါးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုပြည့်(ကျေးလက်)