ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး          

နမ္မတူ၊ ဒေသဖွံ့ဖြိုးရေး 

ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး               

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်နမ္မတူမြို့နယ်အတွင်း၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိသော မန်မိုင် ကျေးရွာနှင့် မိုင်းတက်ကျေးရွာတို့အား ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစောမြင့်ထွန်းနှင့် တာဝန်ရှိသူများက နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန်မိုင်ကျေးရွာ၌ ကုန်ထုတ်လမ်း အရှည် ၁ မိုင်မြေသားတာ ပေါင်တင်ဖြုန်းကျောက်ခင်း Box Culvert သုံးစင်း၊ Slab Culvert တစ်စင်းတည်ဆောက်ခြင်းအား ငွေကျပ် ၇၆ ဒသမ ၉၄ သန်းဖြင့် ငွေနှင်းသဇင် ကုမ္ပဏီက လည်းကောင်း၊ မိုင်းတက်ကျေးရွာကုန်ထုတ်လမ်း အရှည် ၁ ဒသမ ၄ မိုင်မြေသား တာပေါင်တင်ဖြုန်းကျောက်ခင်း Box Culvert နှစ်စင်းတည်ဆောက်ခြင်းကို ငွေကျပ် ၆ ဒသမ၄၅၅ သန်းဖြင့် Loyal Man Co., Ltd. ကလည်းကောင်း လုပ်ငန်းများ ဆောင်ရွက် နေမှုကို ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြရာ လုပ်ငန်းများကို သတ်မှတ် အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ မှာကြားကြောင်းသိရသည်။

  နိုင်ထွန်း