ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ၊ အမိန့်အမှတ် ၇၁ / ၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် ၇၁ / ၂၀၂၂

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်

( ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် )

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင်) ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရငဲ့ညှာသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန်ရှေးရှုသောအားဖြင့် လည်းကောင်း   အကျဉ်းထောင်များတွင် အကျဉ်းကျခံနေကြရသော အောက်ပါအကျဉ်းသားတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်-

(၁)     ဦးကျော်တင့်ဆွေ (ဘ) ဦးနီ

(၂)     ဦးသန်းဌေး (ဘ) ဦးဘရှင်

(၃)     ဒေါက်တာလဲ့လဲ့မော် (ဘ) ဦးမောင်မောင်

အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး