ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ၊ အမိန့်အမှတ် ၇၄ / ၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် ၇၄ / ၂၀၂၂

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် 

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည်  မြန်မာသက္ကရာဇ်  ၁၃၈၄  ခုနှစ်၊  တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင်) ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊   နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှု၍ လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ၎င်းတို့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအကြား သံတမန် ဆက်ဆံရေးနှင့်  နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအား  ရှေးရှုသောအားဖြင့် လည်းကောင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အောက်ပါနိုင်ငံခြားသား / သူ (၄) ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက  ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်-

(၁)     Mr. Sean Turnell      (သြစတြေးလျနိုင်ငံသား)

(၂)     Mrs. Vicky Bowman (ဗြိတိန်နိုင်ငံသူ)

(၃)     Mr. TORU KUBOTA   (ဂျပန်နိုင်ငံသား)

(၄)     ကျော်ဌေးဦး               (အမေရိကန်နိုင်ငံသား)

အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး