ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၆/၂၀၂၂

ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် ၇၆/၂၀၂၂

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်)

ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (ခရစ်နှစ်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင်)ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း အောက်ပါတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များအပေါ် တရားရုံးများ၌ စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခွင့်ပြုလိုက်သည်-

            (           ၁          )           စတ/၂၂/၀၀၁၉၁/ခ စိုးမင်း (ဘ) ဦးမောင်စိုးဝင်း၊ AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

            (           ၂          )           မကန/၂၂/၀၀၅၄၆/ခ ယိန်းဘောမ် (ဘ) ဦးချန်းယိန်း၊ KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

            (           ၃          )           ဗမ/၂၂/၀၀၃၃၄/ခ နော်ဂရောင် (ဘ) ဦးဂေါ်လူထွယ်ရှောင်၊ KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

            (           ၄          )           ဗမ/၂၂/၀၀၃၃၃/ခ ဂွမ်ဂျာနော် (ဘ) ဦးမရစ်တူး၊ KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

            အမိန့်အရ

            အောင်လင်းဒွေး

            ဒုတိယဗိုလ်ချုပ်ကြီး

            အတွင်းရေးမှူး