မော်လမြိုင်ကျွန်း သာမဏေကျော်စာတော်ပြန်ပွဲဖွင့်လှစ်

မော်လမြိုင်ကျွန်း၊ သာသနာရေး

မော်လမြိုင်ကျွန်း သာမဏေကျော်စာတော်ပြန်ပွဲဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ ပရိယတ္တိသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသော (၃၁)ကြိမ်မြောက် သာမဏေ ကျော် စာတော်ပြန်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်မွန်းတည့် ၁၂ နာရီတွင် ပစ္ဆိမာရုံစာသင်တိုက်သိမ်တော်ကြီး၌ ကျင်းပ သည်။

ဖွင့်ပွဲတွင် ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်   ပန်းတစ်ပွင့်တောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာသာရက သြဝါဒကထာ မိန့်ကြားတော်မူသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်တို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားကြသည်။

အဆိုပါ စာတော်ပြန်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ပထမအဆင့် သံဃာတော် ၆၀၆ ပါး၊ ဒုတိယအဆင့် သံဃာတော် ၁၀၂ ပါးနှင့် တတိယအဆင့် သံဃာတော် ၁၁၈ ပါး စုစုပေါင်း ၈၂၆ ပါးဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်ကြောင်းသိရသည်။            

မော်ကျွန်းမြင့်အောင်