မောင်တောမြို့နယ် ဇူလကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

မောင်တောမြို့နယ် ဇူလကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

မောင်တော၊ စိုက်ပျိုးရေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနား ကို နိုဝင်ဘာ ၁၈ ရက်တွင် မြို့ဦးရပ်ကွက် ဇူလကျေးရွာ၌ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးရပ်ကွက် ဇူလကျေးရွာ ကွင်းအမှတ်(၁၀၁/ဃ) အခေါင်းပေါက် အရှေ့ကွင်း မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာတွင် တောင်သူဂေါ်ရီနာ၏ ဦးပိုင်အမှတ်(၄၅၆) စိုက်ပျိုးဧက ၁ ဒသမ ၅ ဧက၌ ဆင်းသွယ်လတ်စပါးမျိုး သုည ဒသမ ၁ ဧက မိုးစပါးစံပြကွက်ကို ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ အစိုအထွက် နှုန်း ၉၅ ဒသမ ၅၆ တင်းနှင့် အခြောက်အထွက်နှုန်း ၈၆ တင်းထွက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခိုင်ထွန်းမောင်နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ      တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)