ကိုကိုးကျွန်းမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးခြင်းများဆောင်ရွက်

ကိုကိုးကျွန်းမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးခြင်းများဆောင်ရွက်

ရန်ကုန်၊ အသိပညာပေး

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး စာအုပ်၊ စာစောင်များ၊ နံရံကပ်ပိုစတာများ ပြသခြင်းကို နိုဝင်ဘာ ၁၇ ရက်က ကိုကိုး ကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမနှင့် ရုံးရှေ့ရှိ မိန်းလမ်းမကြီး၌ ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာ တွင်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများအား (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်နှင့် ပတ်သက် သည့် အကြောင်းအရာများ၊ သူ့ကျွန်မခံ အမျိုးသားမာန်နှင့်ပတ်သက်သည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ကြသည်။

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားမှုကို ပြည်သူ လူထုက စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြကြောင်း သိရသည်။

လင်းခန့်