မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေး

တောင်တွင်းကြီး၊ လူမှုရေး

မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာဖြစ်သည့် ပျဉ်းမကြီးကျေးရွာ၌ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေး ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီတွင် အဆိုပါကျေးရွာ၌ ကျင်းပကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝများဖွံ့ဖြိုးလာစေရန် နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့်   ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်အဖြစ် တောင်တွင်းကြီးမြို့နယ် ပျဉ်းမကြီးကျေးရွာရှိ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့် အသင်းသား ၈၄ ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း   ၂၀၀ ကို ကျေးရွာ စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက ထုတ်ချေးဆောင်ရွက်ပေးကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံမှ သိရသည်။

သူသူ