အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကြေညာချက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန

ကြေညာချက်

၁။         သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ ပါရဂူဘွဲ့သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းကို (၃၀-၁၁-၂၀၂၂) ရက်အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၂။         ကျောင်းအပ်လက်ခံခြင်းကို နောက်ဆုံးရက်ဖြစ်သော (၃၀-၁၁-၂၀၂၂) ရက်နေ့ကျော်လွန်၍ လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါကြောင်း ကြေညာအပ်ပါသည်။                     

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန