ရွှေဘိုခရိုင်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းမြေပဲ ဧက ၄၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ရွှေဘိုခရိုင်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းမြေပဲ ဧက ၄၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ရွှေဘို၊ စိုက်ပျိုးရေး

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌ ဆောင်းမြေပဲ ဧက ၄၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ် ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရွှေဘိုခရိုင်အတွင်း မြို့နယ်အလိုက် ဆောင်းမြေပဲ စိုက်ပျိုးပြီးစီးမှုအနေဖြင့် ရွှေဘိုမြို့နယ်အတွင်း ဧက ၁၀၁၆၀၊ ခင်ဦး မြို့နယ်အတွင်း ၃၁၆၇၄ ဧကနှင့် ဝက်လက် မြို့နယ်အတွင်း ဧက ၁၃၅၀ စုစုပေါင်း ၄၃၁၈၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။

“ရွှေဘိုခရိုင်အတွင်းမှာ ဒီနှစ် ဆောင်း မြေပဲဧက ၆၀၀၀၀ ကျော် စိုက်ပျိုးသွားဖို့ လျာထားတာ လက်ရှိ ဧက ၄၀၀၀၀ ကျော် စိုက်ပျိုး ပြီးစီးနေပါပြီ။ လျာထားချက်ပြည့်မီ အောင် စိုက်ပျိုးနိုင်ဖို့ကိုလည်း တောင်သူတွေနဲ့ စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်း တွေ ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောသည်။

ရွှေဘိုခရိုင်အတွင်း ဆောင်းမြေပဲကို အောက်တိုဘာလဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ရာ နိုဝင်ဘာလလယ်အထိ ၄၃၁၈၄ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်းနှင့် ယခုနှစ် ဆောင်း သီးနှံစိုက်ပျိုးရာသီတွင် ခရိုင်အတွင်း ဆောင်းမြေပဲ ၆၆၂၅၇ ဧက စိုက်ပျိုးရန် လျာထား ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီက ရွှေဘိုခရိုင်အတွင်း ဆောင်းမြေပဲ ဧက ၆၆၀၀၀ ကျော် စိုက်ပျိုးခဲ့ရာ တစ်ဧက ပျမ်းမျှ အထွက်နှုန်း မြေပဲ ၆၄ ဒသမ ၁၅ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။      

(၆၁၁)