ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

မော်လမြိုင်၊ လူငယ်ရေးရာ

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃) အခြေခံပညာမူလတန်းကြို ကျောင်းတို့ပူးပေါင်း၍  နိုဝင်ဘာ ၂၀ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ကလေးများ နေ့အထိမ်းအမှတ်အဖြစ် ကလေးငယ်များ  ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်  စာကြည့်တိုက်သို့  လာရောက်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ နိုဝင်ဘာ ၁၈  ရက် တွင် မြို့နယ်လူထု အခြေပြုဗဟိုဌာန (Community Centre)  ၌  ကာယ၊  ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ကလေးငယ်များ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ် ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်ကို အများ ပြည်သူ ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခုအဖြစ် သိရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ် ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပရာ အမှတ် (၃) အခြေခံပညာမူလတန်းကြို ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။       

ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)