၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အာဂျင်တီးနားအသင်းနှင့်အတူ မန်ယူအသင်းလူငယ်ကစားသမား ဂါနာချို ပြန်လည်ပါဝင်လာဖွယ်ရှိ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အာဂျင်တီးနားအသင်းနှင့်အတူ မန်ယူအသင်းလူငယ်ကစားသမား ဂါနာချို ပြန်လည်ပါဝင်လာဖွယ်ရှိ

ဒိုဟာ၊ ဘောလုံး

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အာဂျင်တီးနားအသင်းနှင့်အတူ မန်ယူအသင်းလူငယ်ကစားသမား ဂါနာချို ပြန်လည် ပါဝင်လာဖွယ် ရှိနေကြောင်း သိရသည်။ လက်ရှိတွင် အာဂျင်တီးနားအသင်းက အပြီးသတ် ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ထားပြီး ကမ္ဘာ့ ဖလားပြိုင်ပွဲကျင်းပမည့် ကာတာနိုင်ငံ၌ရောက်ရှိနေ ပြီဖြစ်သော်လည်း ပြိုင်ပွဲမကျင်းပမီအထိ ဒဏ်ရာရကစားသမားများရှိနေပါက ကစားသမားအပြောင်းအလဲ ပြုလုပ်နိုင်မည်ဖြစ်သည်။

လက်ရှိ အာဂျင်တီးနားအသင်း အပြီးသတ်ကစား သမားစာရင်းတွင်ပါဝင်နေသည့် ကစားသမားများမှ ဂွန်ဇာလက်၊ ရိုမီရို၊ ဒိုင်ဘာလာနှင့် ဂိုမက်တို့အနေဖြင့် ဒဏ်ရာများ အသီးသီးရရှိနေဆဲဖြစ်သည့်အတွက် နည်းပြစကာလိုနီက ပြိုင်ပွဲမတိုင်မီ ကစားသမား အပြောင်းအလဲများ ပြုလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

နည်းပြ စကာလိုနီက ယူအေအီးအသင်းနှင့်ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲစဉ်အပြီးတွင် “ကျွန်တော်တို့ ကစားသမား အပြောင်း အလဲတွေလုပ်ဖို့ရက်တွေ ကျန်ပါသေးတယ်။ လက်ရှိ ကစားသမားစာရင်းက လုံးဝအတည်မဟုတ်သေးပါဘူး။ ဒဏ်ရာရကစားသမား တွေရှိနေလို့ အပြောင်းအလဲပြုလုပ်နိုင်ပါတယ်” ဟု ပြောသည်။

ယခုဘောလုံးရာသီတွင် မန်ယူအသင်းနှင့် ပုံစံကောင်းပြသနေသည့် ဂါနာချိုအနေဖြင့် ယခင်က အာဂျင်တီးနားအသင်း၏ ပဏာမ ကစားသမားစာရင်းတွင်သာ ပါဝင်ခဲ့ကြောင်း သိရသည်။      

Ref;The Athletic