၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများနှင့်တပ်မတော် (ကြည်း၊ ရေ၊ လေ)ဂျုဒိုအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများနှင့်တပ်မတော် (ကြည်း၊ ရေ၊ လေ)ဂျုဒိုအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၉

         ၂ဝ၂၂ ခုနှစ်၊တပ်မတော် (ကြည်း၊ရေ၊ လေ)အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင်  သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ကျင်းပပြုလုပ်ပြီး တပ်မတော်ဂျူဒို အားကစား ပြိုင်ပွဲမှဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ နေလည်ပိုင်းတွင် ဇေယျာသီရိအားကစားရုံ(A) တွင်ကျင်းပပြုလုပ်သည်။

        ဆုပေးပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများတက်ရောက်ကြည့်ရှုအားပေးသည်။

        ဦးစွာ အသင်းလိုက်ပြိုင်ပွဲဗိုလ် လုပွဲယှဉ်ပြိုင်ကစားကြပြီးဆုပေးပွဲကို ဆက်လက်ကျင်းပရာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယရရှိသူကို တပ်မတော်ဂျုဒိုကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး က လည်း ကောင်း၊ ပြိုင်ပွဲအလိုက်တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်းများနှင့်တစ်ဦးချင်း အကောင်းဆုံးဆုရရှိသူများကို တပ်မတော်ဂျူဒိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချူပ် အောင်မျိုးသန့် က လည်းကောင်း ဆုများအသီးသီးပေးအပ်ကြသည်။

        ထို့နောက် ဂျုဒိုအားကစားပြိုင်ပွဲတွင်ရွှေတံဆိပ်၂၁ ခု၊ငွေတံဆိပ် ၆ခု ၊ ကြေး တံဆိပ် ၆ခု ဖြင့် အမျိုးသား/အမျိုးသမီးစုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသော မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင် က အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက် ဒိုင်းဆုနှင့်ဆင့်ပွား ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။

ထို့ပြင်တပ်မတော် (ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစား ခန်းမ၌ ၅၁ ကီလို လူသစ်တန်း(ဗိုလ်လု ပွဲ )၊ ၆ ဝ ကီလို လူသစ်တန်း(ဗိုလ်လုပွဲ ) ၊ ၇၅ ကီလို လူသစ်တန်း(ဗိုလ်လုပွဲ)၊၈၀ ကီလို လူသစ်တန်း (ဗိုလ်လုပွဲ )၊ ၅၇ ကီလို ( က ) အဆင့် (အကြို ဗိုလ်လုပွဲ ) ၊ ၇၅ ကီလို( က ) အဆင့် ( ဗိုလ်လုပွဲ )၊ ၈၀ ကီလို ( က ) အဆင့် ( ဗိုလ်လုပွဲ ) ၊၄၈ ကီလို အလွတ်တန်း ( ဗိုလ်လုပွဲ )၊၅၇ ကီလို အလွတ်တန်း (အကြိုဗိုလ်လုပွဲ )နှင့် ၇၅ ကီလို အလွတ်တန်း( အကြို ဗိုလ်လုပွဲ )တို့ကိုလည်းကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြေး၊ခုန်၊ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး မီတာ ၁၅၀၀ ပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၁၀ တန်းကျော်ပြေးပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ ပြေးပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊မီတာ ၁၀၀ တန်း ကျော်ပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ လေးယောက်တွဲလက် ဆင့်ကမ်းပြေးပြိုင်ပွဲလူရွေးပွဲနှင့် ဗိုလ်လုပွဲစဉ်များကိုလည်းကောင်း၊ ဘောလီဘောပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (B)၌ အမျိုးသား/အမျိုးသမီး အကြိုဗိုလ်လုပွဲ ဘောလီဘော်ပြိုင်ပွဲစဉ်များကို လည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကိုဇေယျာသီရိအားကစားရုံ(C)၌ ပညာစွမ်းရည်ပြ ပြိုင်ပွဲ၊ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ၊ အမျိုးသားပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ၊ ဓားတစ်လက်အတိုက် ပြိုင်ပွဲ၊ ဓားနှစ်လက်အတိုက် ပြိုင်ပွဲများကို လည်းကောင်း၊    ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အသက် ၂၅ နှစ်အောက် ၃ ယောက်တွဲအဖွဲ့လိုက်လိုက်အုပ်စုပတ်လည်ပွဲစဉ်များနှင့် ကရာတေးဒို ပြိုင်ပွဲတွင် အသင်းလိုက်ကုမိတဲ့ပြိုင်ပွဲများတို့ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြသည်။

   အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို အမှတ်(၉၉)ခြေမြန်တပ်မဌာနချူပ်ကိုယ်စားပြုအသင်းနှင့်အနောက် တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိတပ်မတော်အား ကစားကွင်း၌ တတိယနေရာလုပွဲစဉ်အဖြစ် ဆက်လက် ယှဉ်ပြိုင်ကစားကြရာ အမှတ်(၉၉)ခြေမြန်တပ်မဌာနချူပ် ကိုယ်စားပြုအသင်း က      အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်  အနိုင် ရရှိသည်။

   အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။