သံအမတ်ကြီး ဦးအောင်ကျော်ဇံမှ ဘရာဇီးလ်ဖက်ဒရယ် သမ္မတနိုင်ငံ၊ ဒုတိယသမ္မတထံ ခန့်အပ်လွှာပေးအပ်

သံအမတ်ကြီး ဦးအောင်ကျော်ဇံမှ ဘရာဇီးလ်ဖက်ဒရယ် သမ္မတနိုင်ငံ၊ ဒုတိယသမ္မတထံ ခန့်အပ်လွှာပေးအပ်

ဘရာဇီးလ်ဖက်ဒရယ် သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  သံအမတ်ကြီး ဦးအောင်ကျော်ဇံ သည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံ၊ သမ္မတရုံး၌ ဘရာဇီးလ်ဖက်ဒရယ် သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ အန်တိုနီယို ဟမျူတို မာချင်းစ် မော်ရိုထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ သံအမတ်ကြီးနှင့်အတူ မက္ကဆီကို၊ ဒိန်းမတ်၊ ဖင်လန်၊ နီပေါ၊ အာဂျင်တီးနား၊ အဇာဘိုင်ဂျန်နှင့် အိုမန်နိုင်ငံတို့မှသံအမတ်ကြီးများလည်း ၎င်းတို့၏ခန့်အပ်လွှာများအား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်