တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ - ၂၀

            ၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို  ယနေ့ နံနက် ပိုင်းတွင်  သက်ဆိုင်ရာ အားကစားနည်းများ အလိုက် သက်မှတ်ထားသော အားကစား ကွင်း/ရုံများတွင် ဆက်လက် ကျင်းပပြုလုပ်သည်။

တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများ ဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ် အားကစားခန်းမ၌ ၄၈ ကီလို လူသစ်တန်း(ဗိုလ်လုပွဲ)၊ ၅၄ ကီလို လူသစ်တန်း(ဗိုလ်လုပွဲ)၊ ၆၇ကီလို လူသစ်တန်း (ဗိုလ်လုပွဲ )၊ ၇၁ ကီလိုလူသစ်တန်း( ဗိုလ်လုပွဲ )၊ ၅၁ ကီလို(က)အဆင့်( ဗိုလ်လုပွဲ) ၊ ၆၀ ကီလို(က)အဆင့်(ဗိုလ်လုပွဲ) ၊ ၇၁ ကီလို(က)အဆင့် (ဗိုလ်လုပွဲ) ၊ ၅၁ကီလို အလွတ်တန်း (ဗိုလ်လုပွဲ) ၊ ၆၀ ကီလို အလွတ်တန်း(ဗိုလ်လုပွဲ) ၊ ၆၃.၅ကီလို အလွတ်တန်း(အကြို ဗိုလ်လုပွဲ )၊ ၆၇ ကီလို အလွတ်တန်း (ဗိုလ်လုပွဲ )၊ ၇၁ကီလိုအလွတ်တန်း (ဗိုလ်လုပွဲ) ပွဲစဉ် လက်ဝှေ့ပြိုင်ပွဲများကိုလည်းကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ မာရသွန်ပြေးပြိုင်ပွဲကို လည်းကောင်း၊ တိုက်ကွမ်ဒိုပြိုင်ပွဲကိုဇေယျာသီရိ အားကစားရုံ(A)၌ (ဂ)အဆင့်ပင်းဝိတ်တန်း(၅၄)ကီလိုအောက်၊ (ခ)အဆင့် ပင်းဝိတ်တန်း ( ၅၄ )ကီလိုအောက်၊ (ဂ)အဆင့်ပင်းဝိတ်တန်း ( ၅၄ )ကီလို အောက် ၊ ( ခ ) အဆင့် ပင်း ဝိတ်တန်း( ၅၄ )ကီလိုအောက်၊ (က)အဆင့်ပင်းဝိတ်တန်း(၅၄)ကီလိုအောက်၊ (ခ)အဆင့် လိုက်ဝိတ်တန်း (၆၈-၇၄) ကီလို၊ (က)အဆင့်လိုက် ဝိတ်တန်း(၆၈-၇၄)ကီလို၊ (ဂ)အဆင့် ပင်းဝိတ်တန်း (၅၄)ကီလိုအောက်၊ (ခ)အဆင့် ပင်းဝိတ်တန်း (၅၄)ကီလိုအောက်၊ (က)အဆင့် ပင်းဝိတ်တန်း( ၅၄ )ကီလိုအောက်၊ ( ခ ) အဆင့်လိုက်ဝိတ်တန်း ( ၆၈-၇၄ ) ကီလို၊(က)အဆင့်လိုက်ဝိတ်တန်း (၆၈-၇၄) ကီလို၊ ( ဂ ) အဆင့် ပင်းဝိတ်တန်း( ၅၄ ) ကီလိုအောက်၊ (ခ)အဆင့် ပင်းဝိတ်တန်း ( ၅၄ )ကီလိုအောက်၊ (က)အဆင့် ပင်းဝိတ် တန်း(၅၄)ကီလိုအောက်၊ (ခ)အဆင့်လိုက်ဝိတ်တန်း(၆၈-၇၄)ကီလို၊ (က)အဆင့်လိုက် ဝိတ်တန်း(၆၈-၇၄)ကီလိုနှင့် (ဂ)အဆင့်တစ်ဦးချင်း(ကကွက်)နှင့် (ဂ)အဆင့် အသင်း လိုက်(ကကွက်)ရှုံးထွက်ပွဲစဉ် ဆီမီးဖိုင်နယ်ပွဲစဉ်များကို လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းတွင်ပိုက်ကျော်ခြင်း ပြိုင်ပွဲမှ အလွတ်တန်း ၃ ယောက်တွဲ အသင်းလိုက်၊ ရှုံးထွက်ပွဲစဉ်များနှင့် ၂၅ နှစ်အောက်အလွတ်တန်း ၃ ယောက်တွဲ အဖွဲ့လိုက် ရှုံးထွက်ပွဲစဉ်တို့ကို လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြသည်။

    အလားတူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (က)အဆင့် ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို အရှေပိုင်းတိုင်း စစ်ဌာနချူပ် ကိုယ်စားပြုအသင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းတို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ တတိယနေရာလု ပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင် ကစားကြရာ မြောက်ပိုင်းတိုင်းဌာနချူပ် ကိုယ်စားပြုအသင်းက အရှေပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းအား ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ် မတော်အရာရှိ ကြီးများ၊ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။