ဒေါ့မွန်အသင်း၏ မလေးရှားနိုင်ငံ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ လေ့ကျင့်ရေးခရီးစဉ်များတွင် အသင်းမှ အဓိက ကစားသမား အားလုံးပါဝင်မည်

ဒေါ့မွန်အသင်း၏ မလေးရှားနိုင်ငံ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ လေ့ကျင့်ရေးခရီးစဉ်များတွင် အသင်းမှ အဓိက ကစားသမား အားလုံးပါဝင်မည်

ဒေါ့မွန်အသင်းက  ဥရောပထိပ်တန်း အသင်းကြီးများ    ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေသည့်ကာလတွင် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သို့ လေ့ကျင့်ရေး ခရီးစဉ် လာရောက်မည်ဖြစ်ပြီး အဆိုပါ ခရီးစဉ်များတွင် အသင်းမှ  အဓိကကစားသမားအားလုံး ပါဝင်မည် ဖြစ်ကြောင်း အတည်ပြုကြေညာထားသည်။

ဒေါ့မွန်အသင်း၏ အဆိုပါ ခရီးစဉ်တွင်အသင်းမှ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ကစားနေသည့်ကစား သမားများမှအပ အသင်း၌ရှိသော ထိပ်တန်းကစားသမား အားလုံးပါဝင်လာမည်ဖြစ်ပြီး     အသင်း၏ ထိပ်တန်းကစားသမားများဖြစ်သည့် ခံစစ်ကစားသမား   မက်စ်ဟမ်မဲလ်၊    အသင်းခေါင်းဆောင်  ကွင်းလယ်ကစားသမား   မာကိုရူးစ်နှင့် တခြားကွင်းလယ် ကစားသမားတစ်ဦးဖြစ်သည့်   အမ်မရီချန်တို့  လိုက်ပါလာမည်ဟု ကြေညာခဲ့သည်။

ဒေါ့မွန်အသင်းသည် အာဆီယံလေ့ကျင့်ရေးခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ပြီး စင်ကာပူကလပ် လိုင်းယွန်းစီးတီးအသင်းနှင့် နိုဝင်ဘာ  ၂၄   ရက်တွင်  ခြေစမ်းပွဲစတင်ကစားမည် ဖြစ်သည်။

ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၂၈ ရက်တွင် မလေးရှားထိပ်တန်းကလပ်အသင်းဖြစ်သည့် ဂျိုဟိုဒူ ရယ်တာဇင်အသင်းနှင့်လည်းကောင်း၊ တတိယခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၃၀ ရက်တွင် ဗီယက်နမ်လက်ရွေးစင် အသင်းနှင့်လည်းကောင်း  ခြေစမ်းပွဲများ ကစားမည် ဖြစ်ကြောင်း သိရသည်။ 

Ref;ASEAN Football