အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ဂန္ထဝင်ကစားသမားဟောင်း အိုဝင်ပြီးနောက် အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် ဘယ်လင်ဟမ်မှတ်တမ်းဝင်

အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ဂန္ထဝင်ကစားသမားဟောင်း အိုဝင်ပြီးနောက် အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် ဘယ်လင်ဟမ်မှတ်တမ်းဝင်

အင်္ဂလန်အသင်းလူငယ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ်ကစားသည့်   အင်္ဂလန်အသင်းက အီရန်အသင်းကို ၆ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် အင်္ဂလန် အသင်းသမိုင်းတစ်လျှောက်   ဂန္ထဝင်ကစားသမားဟောင်း အိုဝင်ပြီးနောက်   ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၁၉ နှစ်သာရှိသေးသည့် ဘယ်လင်ဟမ်သည်  ယခုဘောလုံးရာသီတွင်  ဒေါ့မွန်အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက်    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး အဓိက ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိခဲ့သူဖြစ်သည်။

ဘယ်လင်ဟမ်သည်  အီရန်အသင်းကို  အနိုင်ရရှိ သည့်ပွဲစဉ်တွင်လည်း  ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြသနိုင်ခဲ့ကာ ပွဲချိန်  ၃၅ မိနစ်တွင် လုခ်ရှော၏ ဖြတ်တင်ပေးမှုမှတစ်ဆင့် အင်္ဂလန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။

အင်္ဂလန်အသင်း   ဂန္ထဝင်ကစားသမားဟောင်း အိုဝင်သည် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင် ကစားခဲ့ပြီးနောက်  အင်္ဂလန်အသင်းနှင့်ရိုမေးနီးယားအသင်းတို့ ကစားသည့်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ပြီးနောက် အသက် ၁၈ နှစ်ဖြင့် အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  အသက်အငယ်ဆုံးဂိုးသွင်းယူနိုင်သူအဖြစ်  စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အင်္ဂလန်အသင်းတွင် အသက် ၂၀ နှစ်အောက် ကစားသမားအဖြစ် ဘယ်လင်ဟမ် ပါဝင်လာပြီးနောက်  အသင်းနှင့်  ပထမဆုံး  ကမ္ဘာ့ဖလားသွင်းဂိုးသွင်းယူနိုင်ခဲ့သည့်အပြင်   အသင်းသမိုင်း တစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ကြောင်း သိရသည်။

 Ref;The Guardian