ယခုဘောလုံးရာသီအကုန်တွင် လိုက်ပဇစ်အသင်းတိုက်စစ်ကစားသမား အန်ကူကူကိုခေါ်ယူရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိ

ယခုဘောလုံးရာသီအကုန်တွင် လိုက်ပဇစ်အသင်းတိုက်စစ်ကစားသမား အန်ကူကူကိုခေါ်ယူရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိ

ချယ်လ်ဆီး အသင်းက   အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက်   ယခုဘောလုံးရာသီ အကုန်တွင် လိုက်ပဇစ်အသင်းမှ တိုက်စစ်ကစားသမား အန်ကူကူကိုခေါ်ယူရန်  သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အန်ကူကူကို ခေါ်ယူရန် အစောပိုင်းကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်   ပြောင်းရွှေ့ကြေးကိုဖော်ပြခြင်း မရှိသော်လည်း   ကစားသမားနှင့်     သဘောတူညီမှုရရှိသည့်အပြင် လိုက်ပဇစ်အသင်းနှင့်လည်း သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် အန်ကူကူသည် ပြီးခဲ့သည့်ဘောလုံးရာသီကစတင်ပြီး လိုက်ပဇစ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ကာ     ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၏ တစ်နှစ်တာ   အကောင်းဆုံး ကစားသမားဆု ရရှိသည်အထိ ခြေစွမ်းပြသနိုင်ခဲ့သည့်အတွက် ချယ်လ်ဆီးအသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သဘောတူညီမှုရရှိထားကာ   ပြောင်းရွှေ့ကြေး မကြေညာသေးသော်လည်း မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြစ်လာဖွယ်ရှိနေသည်။

တိုက်စစ်ကစားသမား အန်ကူကူသည်    ယခုဘောလုံးရာသီတွင်လည်း လိုက်ပဇစ်အသင်းနှင့်အတူ ခြေစွမ်းပြကစားနေပြီး ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင်   ၁၅   ပွဲကစားပြီး ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း သိရသည်။

Ref;Sky Sports