တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော်  နိုဝင်ဘာ  ၂၃

တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ကိုရီးယား သမ္မတနိုင်ငံ Gyeongbuk College ဥက္ကဋ္ဌ Mr. Lee Un Gik နှင့်အဖွဲ့ကို နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌   လက်ခံတွေ့ဆုံသည်။  

တွေ့ဆုံစဉ် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)