တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အချိန်ပြောင်းလဲ ထုတ်လွှင့်မည်

တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အချိန်ပြောင်းလဲ ထုတ်လွှင့်မည်

၁။   မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ နေ့စဉ်နံနက်(၆း၀၀)နာရီမှ စပြီး အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ "ဝ"၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင် ဘာသာအစီအစဉ်များကို ည (၂၃း၀၀)နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။

၂။   ယခု NRC  ရုပ်သံလိုင်း ထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှစပြီး ၂၀၂၃ ခုနှစ်၊ မတ်လ(၃၀)ရက်နေ့အထိ နေ့စဉ် နံနက် (၆း၀၀)နာရီမှ (ရး၀၀) နာရီအထိ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်၊ နံနက်(ရး၀၀)နာရီမှ (၈း၀၀)နာရီအထိ ချင်း(ချိုး) ဘာသာအစီအစဉ်၊ နံနက် (၈း၀၀)နာရီမှ နံနက် (၁၀း၀၀) နာရီအထိ မွန်ဘာသာအစီအစဉ်၊ နံနက် (၁၀း၀၀)နာရီမှ မွန်းတည့် (၁၂း၀၀) နာရီအထိ ရခိုင်ဘာသာ အစီအစဉ်၊ မွန်းတည့် (၁၂း၀၀)နာရီမှ မွန်းလွဲ(၁၄း၀၀)နာရီအထိ ရှမ်းဘာသာ အစီအစဉ်၊ မွန်းလွဲ (၁၄း၀၀)နာရီမှ ညနေ (၁၆း၀၀)နာရီအထိ ]]ဝ}} ဘာသာအစီအစဉ်၊ ညနေ (၁၆း၀၀)နာရီမှ (၁၈း၀၀)နာရီအထိ ကချင်ဘာသာ အစီအစဉ်၊ ည (၁၈း၀၀)နာရီမှ ည(၂၀း၀၀)နာရီအထိ ကယားဘာသာ အစီအစဉ်၊ ည(၂၀း၀၀)နာရီမှ (၂၁း၀၀)နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ ည(၂၁း၀၀)နာရီမှ (၂၂း၀၀) နာရီအထိ အနောက်ပိုးကရင် ဘာသာအစီအစဉ်၊ ည(၂၂း၀၀)နာရီမှ (၂၃း၀၀)နာရီအထိ  အရှေ့ပိုးကရင်ဘာသာ အစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။