ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ကာတာနိုင်ငံတို့၏ ပိတ်ပင်မှုကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဂျာမနီအသင်းက  အသင်းလိုက်ဓာတ်ပုံတွင် သင်္ကေတဖြင့် ဆန္ဒထုတ်ဖော်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ကာတာနိုင်ငံတို့၏ ပိတ်ပင်မှုကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဂျာမနီအသင်းက  အသင်းလိုက်ဓာတ်ပုံတွင် သင်္ကေတဖြင့် ဆန္ဒထုတ်ဖော်

ဂျာမနီအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ် အဖြစ်ကစားသည့်    ဂျပန်အသင်းနှင့် ပွဲစဉ်မတိုင်မီ အသင်းလိုက် ဓာတ်ပုံရိုက်ကူးရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့်     ကာတာနိုင်ငံတို့၏ ပိတ်ပင်မှုများကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် အသင်းလိုက်ဓာတ်ပုံတွင် သင်္ကေတဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲဝင် ထိပ်တန်းအသင်းကြီး များက ကာတာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု များကို  ဆန့်ကျင်သည့်အနေဖြင့်  ပြိုင်ပွဲကာလတွင် One Love သင်္ကေတပါဝင်သော အသင်းခေါင်းဆောင် လက်ပတ်များကို   ဝတ်ဆင်အသုံးပြုရန်  စီစဉ်ခဲ့ကြသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က နိုင်ငံရေးနှင့် ဆက်နွှယ်နေသောကြောင့်   အဆိုပါ သင်္ကေတပါဝင်သည့်   အသင်းခေါင်းဆောင်လက်ပတ်များကို အသုံး ပြုပါက ပွဲပယ်ပြစ်ဒဏ်ချမှတ်မည်ဟု  ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်  ထိပ်တန်းအသင်းကြီးများက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပိတ်ပင်မှုများကို   ကျေနပ်မှုမရှိ သည့်အတွက်  ဂျာမနီအသင်းမှ  ကစားသမားများက အသင်းလိုက်ဓာတ်ပုံတွင် ၎င်းတို့၏လက်များဖြင့် ပါးစပ် ကိုပိတ်ထားသည့် အပြုအမူဖြင့်    ဆန့်ကျင်ဆန္ဒပြခဲ့ ခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း ငါတို့ရဲ့အသင်းခေါင်းဆောင်လက်ပတ်တွေကို ပိတ်ပင်ခဲ့တာက ငါတို့ရဲ့အသံတွေကို ငြင်းဆန်ခဲ့တာပါ ဟု ကြေညာချက်ထုတ်ပြန်ပြီး ဆန့်ကျင်မှုကို ပြသခဲ့ကြောင်း သိရသည်။   

Ref;Bleacher Report Football