နိုင်ငံတောင်ပိုင်းတိုက်ခိုက်မှုတွင် သူပုန်အဖွဲ့ဝင် ခြောက်ဦးကို ဖိလစ်ပိုင်တပ်ဖွဲ့က ချေမှုန်းနိုင်ခဲ့

နိုင်ငံတောင်ပိုင်းတိုက်ခိုက်မှုတွင် သူပုန်အဖွဲ့ဝင် ခြောက်ဦးကို ဖိလစ်ပိုင်တပ်ဖွဲ့က ချေမှုန်းနိုင်ခဲ့

ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များသည်   နိုင်ငံတောင်ပိုင်း ဆူလ်တန်ကူဒါရက်ပြည်နယ်တွင် နိုဝင်ဘာ ၂၄ ရက်ကဖြစ်ပွားသည့် တိုက်ခိုက်မှုတစ်ခုတွင်   သူပုန်အဖွဲ့ဝင်ခြောက်ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း စစ်ဘက်က ထုတ်ပြန်သည်။

အစိုးရတပ်ဖွဲ့ဝင်များသည် ဘာဂွန်ဘာယမ်မြို့တွင်   လုံခြုံရေးစစ်ဆင်မှု ဆောင်ရွက်နေစဉ်  ပုန်းအောင်းနေသည့် သူပုန်အဖွဲ့တို့ကြား ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။   တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင်    အစိုးရတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက M-16 နှင့် AK47 ရိုင်ဖယ်များနှင့် ခဲယမ်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အစိုးရတပ်များက    နိုင်ငံမြောက်ပိုင်းဆာမားပြည်နယ်ရှိ သူပုန်များခိုအောင်းရာ စခန်းတစ်ခုအား နိုဝင်ဘာ ၂၃ ရက်တွင် စီးနင်းတိုက်ခိုက်ပြီး တစ်ရက်အကြာတွင် ယခုတိုက်ခိုက်မှုထပ်မံဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။             

 Ref: Sunstar