အင်ဒိုနီးရှားတွင် ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများကြား ပိတ်မိနေသည့် ကလေးငယ်ကို နှစ်ရက်အကြာတွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့

အင်ဒိုနီးရှားတွင် ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများကြား ပိတ်မိနေသည့် ကလေးငယ်ကို နှစ်ရက်အကြာတွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့

အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများအကြား ပိတ်မိနေသည့် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးကို   ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက နှစ်ရက်အကြာတွင် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အက်ဇကာအမည်ရှိ အဆိုပါ ကလေးငယ်အား ကယ်ဆယ်ရေးအဖွဲ့မှ အပျော်တမ်းကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ၂၃ ရက်တွင်   အပျက်အစီးများကြားမှ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းကလေးငယ်၏မိခင်ဖြစ်သူမှာ   ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးသွားကြောင်း အသက် ၂၈ နှစ်အရွယ် ကယ်ဆယ်ရေးအဖွဲ့ဝင်ကပြောသည်။

ငလျင်လှုပ်ခတ်မှုသည် အနောက်ဂျာဗားပြည်နယ်ရှိ ကန်ဂျာမြို့တွင် ယခုရက်သတ္တပတ်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုအတွင်း   အနည်းဆုံးလူ ၂၇၁ ဦးသေဆုံးပြီး လူ ၄၀ ခန့်ပျောက်ဆုံးလျက် ရှိနေသေးကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

Ref: ST